ရွှေတိဂုံစေတီတော်

ရွှေတိဂုံစေတီတော်

ဥပ္ပါတသန္တိစေတီတော် နေပြည်တော်

ဥပ္ပါတသန္တိစေတီတော် နေပြည်တော်

မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး

မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)

 

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပညာ/စီမံအစည်းအဝေးကျင်းပပြုလုပ်

ဗဟိုပညာရေးအဖွဲ့နှင့် တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၂၄)အစည်းအဝေးမကျင်းပမီ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပညာသင်ကြားရေးနှင့်စပ်လျဉ်းသည့် လိုအပ်ချက်၊ ဆောင်ရွက်ချက်များကိုတင်ပြပြီး ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) တက္ကသိုလ်ပညာသင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့(၁/၂၀၂၄)အစည်းအဝေးကို ၅-၁-၂၀၂၄ရက်နေ့၊ ၁၄:၀၀နာရီတွင် မဟာဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ တက္ကသိုလ်ပညာ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်နှင့် ပါမောက္ခ/ဌာနမှူးဆရာတော်များ ကြွရောက်တော်မူကြပြီး ပြင်ပပညာရှင်ဆရာကြီးများ၊ ညွှန်ကြားရေးမှူးအဆင့်ဆင့်နှင့် ဦးစီးအရာရှိများ တက်ရောက်ကြသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) အင်္ဂလိပ်စာသင်တန်းများဖွင့်လှစ်ပို့ချ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ၁၃၈၅-၁၃၈၆(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ပထမ နှစ်ဝက်ကာလတွင် ပညာရေးအထောက်အကူပြုအင်္ဂလိပ်စာ ညပိုင်းသင်တန်းကို ၂၁-၁၂-၂၀၂၃ ရက်နေ့ မှစ၍ သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်) သင်တန်းသား များအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းကိုလည်းကောင်း၊ သာသနတက္ကသီလမဟာဓမ္မာစရိယတန်း (ပထမနှစ်၊ ဒုတိယနှစ်)သင်တန်းသားများအတွက် အင်္ဂလိပ်စာ Four Skill သင်တန်းကိုလည်းကောင်း ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာနမှ ပါမောက္ခ/ဌာနမှူးဆရာတော်နှင့် မဟာဓမ္မာစရိယတန်းမှ (ကျမ်းပြု) သင်တန်းသားတို့က သင်ကြားပို့ချပေးလျက်ရှိသည်။

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြင်ပမှခေါ်ယူသော အမှုထမ်းများအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်း၊ ခုံအမှတ်စာရင်းနှင့် ရေးဖြေစာမေးပွဲကျင်းပမည့် အချိန်၊ နေ့ရက်နှင့် စာဖြေဌာနများကြေညာခြင်း

(၂၉)ကြိမ်မြောက် သာသနတက္ကသီလမဟာဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲ၊ ဆောင်ရွက်ချက်များ