နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပညာ/စီမံအစည်းအဝေးကျင်းပပြုလုပ်

ဗဟိုပညာရေးအဖွဲ့နှင့် တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့(၁/၂၀၂၄)အစည်းအဝေးမကျင်းပမီ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပညာသင်ကြားရေးနှင့်စပ်လျဉ်းသည့် လိုအပ်ချက်၊ ဆောင်ရွက်ချက်များကိုတင်ပြပြီး ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) တက္ကသိုလ်ပညာသင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့(၁/၂၀၂၄)အစည်းအဝေးကို ၅-၁-၂၀၂၄ရက်နေ့၊ ၁၄:၀၀နာရီတွင် မဟာဘွဲ့နှင်းသိမ်ဓမ္မာရုံ၌ကျင်းပပြုလုပ်ရာ တက္ကသိုလ်ပညာ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဆရာတော်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်နှင့် ပါမောက္ခ/ဌာနမှူးဆရာတော်များ ကြွရောက်တော်မူကြပြီး ပြင်ပပညာရှင်ဆရာကြီးများ၊ ညွှန်ကြားရေးမှူးအဆင့်ဆင့်နှင့် ဦးစီးအရာရှိများ တက်ရောက်ကြသည်။