Category Archives: သတင်း

ပိဋကတ်တိုက်သို့ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲ(ရန်ကုန်)သို့ ၅-၄-၂၀၂၄ ရက်နေ့၊ ၁၁:၃၀ အချိန်တွင် သံအမတ်ကြီးဟောင်း ဦးစောလှမင်း နာယကအဖြစ်ဆောင်ရွက်သည့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းမှ ဒေါက်တာဌေးလွင် ဦးဆောင်သော ကျောင်းသား/ကျောင်းသူ ၃၀ ဦး တို့သည် ဗုဒ္ဓယဉ်ကျေးမှုပြတိုက်နှင့် ပိဋကတ်တိုက်တို့အား လာရောက်လေ့ကြကြောင်းသိရှိရသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

မဟာဝိဇ္ဇာကျမ်းပြုလက်စွဲမူကြမ်း အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ မဟာဝိဇ္ဇာကျမ်းပြုလက်စွဲစာအုပ် ရေးသား ထုတ်ဝေရန် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ တက္ကသိုလ်ပညာသင်ကြားရေး အဖွဲ့က သုတေသနဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနမှူးဆရာတော်အား ယခင် ရှိပြီးဖြစ်သည့် မဟာကျမ်းပြုလက်စွဲစာအုပ်ကိုအခြေခံ၍ ရေးသားပြုစုရန်တာဝန်ပေးအပ်ခဲ့ပါသည်။

အဆိုပါတာဝန်ပေးချက်အရ မဟာဝိဇ္ဇာကျမ်းပြုလက်စွဲမူကြမ်း အတည်ပြုနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ၃-၃-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဒုတိယ ပါမောက္ခချုပ်ဆရာတော်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးဆရာတော်များ၊ တွဲဖက်ပါမောက္ခ ဆရာတော်များ၊ ကထိကဆရာတော်များ၊ လက်ထောက်ပိဋကတ်တိုက်မှူးဆရာတော်များနှင့် ပြင်ပ ပညာရှင်ဆရာကြီးများက အခန်း ၈ ခန်းပါဝင်သော မဟာဝိဇ္ဇာကျမ်းပြုလက်စွဲစာအုပ်မူကြမ်း၏ အကြောင်းအရာ၊ အချက်အလက်များကိုပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

 

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲ၊ လုပ်ငန်းဆောင်ရွက်ချက်များ

စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ အဘိဓမ္မပိဋကမဟာဌာန၏ ဆဋ္ဌမအကြိမ် စာတမ်းဖတ်ပွဲအခမ်းအနားကို ၂၃-၂-၂၀၂၄ ရက်နေ့တွင် တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(သင်ကြား/စီမံ)ဆရာတော်များအမှူးပြုသည့် ပါမောက္ခ/ဌာနမှူး ဆရာတော်များ၊ သင်တန်းသားသံဃာတော်များ၊ ပန်းတစ်ပွင့်တောင် သာသနာပြုဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များ၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ်မှ သီလရှင်ဆရာလေးများ၊ ပြင်ပပညာရှင်ဆရာကြီး များနှင့် ဌာနခွဲမှ ညွှန်းကြားရေးမှူးအဆင့်ဆင့်တို့ တက်ရောက်ခဲ့ကြသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် စာတမ်းရှင်သံဃာတော်များ တင်သွင်းသည့် စာတမ်း(၁၃)စောင်ကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက မေးမြန်းသော စာတမ်းနှင့်ပတ်သက်သည့် သိလိုသည် များကို ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။