မဟာဝိဇ္ဇာကျမ်းပြုလက်စွဲမူကြမ်း အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ မဟာဝိဇ္ဇာကျမ်းပြုလက်စွဲစာအုပ် ရေးသား ထုတ်ဝေရန် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ တက္ကသိုလ်ပညာသင်ကြားရေး အဖွဲ့က သုတေသနဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနမှူးဆရာတော်အား ယခင် ရှိပြီးဖြစ်သည့် မဟာကျမ်းပြုလက်စွဲစာအုပ်ကိုအခြေခံ၍ ရေးသားပြုစုရန်တာဝန်ပေးအပ်ခဲ့ပါသည်။

အဆိုပါတာဝန်ပေးချက်အရ မဟာဝိဇ္ဇာကျမ်းပြုလက်စွဲမူကြမ်း အတည်ပြုနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ၃-၃-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဒုတိယ ပါမောက္ခချုပ်ဆရာတော်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးဆရာတော်များ၊ တွဲဖက်ပါမောက္ခ ဆရာတော်များ၊ ကထိကဆရာတော်များ၊ လက်ထောက်ပိဋကတ်တိုက်မှူးဆရာတော်များနှင့် ပြင်ပ ပညာရှင်ဆရာကြီးများက အခန်း ၈ ခန်းပါဝင်သော မဟာဝိဇ္ဇာကျမ်းပြုလက်စွဲစာအုပ်မူကြမ်း၏ အကြောင်းအရာ၊ အချက်အလက်များကိုပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။