နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) အင်္ဂလိပ်စာသင်တန်းများဖွင့်လှစ်ပို့ချ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ၁၃၈၅-၁၃၈၆(၂၀၂၃-၂၀၂၄)ပညာသင်နှစ် ပထမ နှစ်ဝက်ကာလတွင် ပညာရေးအထောက်အကူပြုအင်္ဂလိပ်စာ ညပိုင်းသင်တန်းကို ၂၁-၁၂-၂၀၂၃ ရက်နေ့ မှစ၍ သာသနတက္ကသီလဓမ္မာစရိယတန်း(ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်) သင်တန်းသား များအတွက် အင်္ဂလိပ်စာအခြေခံသင်တန်းကိုလည်းကောင်း၊ သာသနတက္ကသီလမဟာဓမ္မာစရိယတန်း (ပထမနှစ်၊ ဒုတိယနှစ်)သင်တန်းသားများအတွက် အင်္ဂလိပ်စာ Four Skill သင်တန်းကိုလည်းကောင်း ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာနမှ ပါမောက္ခ/ဌာနမှူးဆရာတော်နှင့် မဟာဓမ္မာစရိယတန်းမှ (ကျမ်းပြု) သင်တန်းသားတို့က သင်ကြားပို့ချပေးလျက်ရှိသည်။