စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ အဘိဓမ္မပိဋကမဟာဌာန၏ ဆဋ္ဌမအကြိမ် စာတမ်းဖတ်ပွဲအခမ်းအနားကို ၂၃-၂-၂၀၂၄ ရက်နေ့တွင် တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(သင်ကြား/စီမံ)ဆရာတော်များအမှူးပြုသည့် ပါမောက္ခ/ဌာနမှူး ဆရာတော်များ၊ သင်တန်းသားသံဃာတော်များ၊ ပန်းတစ်ပွင့်တောင် သာသနာပြုဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များ၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ်မှ သီလရှင်ဆရာလေးများ၊ ပြင်ပပညာရှင်ဆရာကြီး များနှင့် ဌာနခွဲမှ ညွှန်းကြားရေးမှူးအဆင့်ဆင့်တို့ တက်ရောက်ခဲ့ကြသည်။
စာတမ်းဖတ်ပွဲအခမ်းအနားတွင် စာတမ်းရှင်သံဃာတော်များ တင်သွင်းသည့် စာတမ်း(၁၃)စောင်ကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက မေးမြန်းသော စာတမ်းနှင့်ပတ်သက်သည့် သိလိုသည် များကို ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။
ပိဋကသုံးပုံပါဠိတော် အုပ်ရေ(၄၀)(ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာမူ) စာအုပ်များလွှင့်တင်
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ကမ္ဘာအေးဗုဒ္ဓသုတေသနစာကြည့်တိုက်၏ e-Library Website ၌ ပိဋကသုံးပုံပါဠိတော် အုပ်ရေ(၄၀)(ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာမူ)စာအုပ်များကို လွှင့်တင်ထားပြီး ဖော်ပြပါ Link တွင် ဖတ်ရှု ရယူနိုင်ပါသည်။