စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ အဘိဓမ္မပိဋကမဟာဌာန၏ ဆဋ္ဌမအကြိမ် စာတမ်းဖတ်ပွဲအခမ်းအနားကို ၂၃-၂-၂၀၂၄ ရက်နေ့တွင် တက္ကသိုလ် မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ဒုတိယပါမောက္ခချုပ်(သင်ကြား/စီမံ)ဆရာတော်များအမှူးပြုသည့် ပါမောက္ခ/ဌာနမှူး ဆရာတော်များ၊ သင်တန်းသားသံဃာတော်များ၊ ပန်းတစ်ပွင့်တောင် သာသနာပြုဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များ၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ်မှ သီလရှင်ဆရာလေးများ၊ ပြင်ပပညာရှင်ဆရာကြီး များနှင့် ဌာနခွဲမှ ညွှန်းကြားရေးမှူးအဆင့်ဆင့်တို့ တက်ရောက်ခဲ့ကြသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် စာတမ်းရှင်သံဃာတော်များ တင်သွင်းသည့် စာတမ်း(၁၃)စောင်ကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများက မေးမြန်းသော စာတမ်းနှင့်ပတ်သက်သည့် သိလိုသည် များကို ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရှိရသည်။