Skip to content
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
  • မူလစာမျက်နှာ
  • သတင်း
  • ကြေညာချက်များ
  • ဦးစီးဌာနဆိုင်ရာ အချက်အလက်များ
  • ဌာနခွဲများ
    • ပြည်ပသာသနာပြုဌာနခွဲ
    • ပြည်တွင်းသာသနာပြုဌာနခွဲ
    • ဦးစီးရေးရာဌာနခွဲ
    • နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)
  • သုတေသနစာကြည့်တိုက်
  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
  • ဓာတ်ပုံများ
  • ဆက်သွယ်ရန်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

Admin, October 11, 2026November 8, 2026

မန္တလေး၊ အောက်တိုဘာ ၁၁

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ၁၃၈၇-၁၃၈၈ ခု၊ ပညာသင်နှစ် စတုတ္ထနှစ်သင်တန်းသားများဦးဆောင်၍ အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ယနေ့နံနက်ပိုင်းတွင် ကျင်းပ သည်။

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုသော သင်ကြား/စီမံ ဆရာတော်များ၊ ၁၃၈၆-၁၃၈၇ ခု၊ ပညာသင်နှစ်တွင် အတန်းအသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယ ရရှိတော်မူကြသော သံဃာတော်(၁၈)ပါးနှင့် အတန်းအသီးသီးက စာသင်သား သံဃာတော် ကြွရောက်တော်မူကြသည်။

အခမ်းအနားတွင် အတန်းအသီးသီးမှ သင်တန်းသားသံဃာတော်များက ဩကာသ ကန်တော့ကျိုးဖြင့် ရှိခိုးဦးခိုက်ပူဇော်ခဲ့၍ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော သင်ကြား/စီမံဆရာတော်များက ချီးမြှင့် ကထာများရွတ်ဆိုဆုပေးကြပြီး ပါမောက္ခချုပ်ဆရာတော်ထံမှ ဆုံးမဩဝါဒကထာနာယူကာ အတန်း အသီးသီးမှ အထူးအောင်သံဃာတော်များကို ပါမောက္ခချုပ်ဆရာတော်နှင့် ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)မှ အထူးအောင်ဂုဏ်ပြုလွှာများနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြသည်။

အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ် နေသည့် မှတ်တမ်းဓာတ်ပုံများ

သတင်း

Post navigation

Previous post
Next post

News by Years

  • October 2026
  • August 2026
  • July 2026
  • June 2026
  • May 2026
  • February 2026
  • December 2025
  • July 2025
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • March 2023
  • February 2023
  • June 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • September 2021
  • August 2021
  • July 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • January 2018
  • November 2017
  • August 2017
©2026 သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန | WordPress Theme by SuperbThemes