နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) တည်ထောင် ဖွင့်လှစ်ခြင်း နှစ်(၄၀)ပြည့် အထိမ်းအမှတ် ကုသိုလ်ပြုအခမ်းအနားကျင်းပ Admin, August 22, 2026September 1, 2026 မန္တလေး၊ ဩဂုတ်လ၊ ၂၁ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) တည်ထောင် ဖွင့်လှစ်ခြင်း နှစ်(၄၀)ပြည့် အထိမ်းအမှတ်ကုသိုလ်ပြုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။ အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီး(၃)ပါး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)နှင့် ဇနီး၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ တက်ရောက်၍ ပါမောက္ခချုပ်ဆရာတော် (အဂ္ဂမဟာပဏ္ဍိတ)ဒေါက်တာဘဒ္ဒန္တကေသရ အမှူးပြုသော ပင့်သံဃာဆရာတော်ကြီး(၃)ပါးတို့အား နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)နှင့် ဇနီးနှင့် ညွှန်ကြားရေးမှူးနှင့် ဇနီးတို့က တက္ကသိုလ်မွေးနေ့အထိမ်းအမှတ် Logo တံဆိပ်ပါအနွေးဓာတ်ဘူးများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) တည်ထောင်ဖွင့်လှစ်ခြင်း နှစ်(၄၀)ပြည့် အထိမ်းအမှတ်ကုသိုလ်ပြုအခမ်းအနား မှတ်တမ်းဓာတ်ပုံများ သတင်း