မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမိသားစုများ၏ (၈၂)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ Admin, October 28, 2026November 8, 2026 မန္တလေး၊ အောက်တိုဘာလ ၂၈ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမိသားစုများ၏ (၈၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းကျင်းပခဲ့သည်။ အခမ်းအနားကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော် အမှူးပြုသော သင်ကြား/စီမံဆရာတော်များ၊ သင်တန်းသားသံဃာတော် စုစုပေါင်း (၃၄၆)ပါးနှင့် ပင့်သံဃာဆရာတော်ကြီး (၂)ပါး၊ မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ကြီးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ၊ စည်ပင်ဝန်ထမ်းမိသားစုများ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နမော တဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့သည်။ ဧည့်ပရိသတ်များက နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ထံမှ ငါးပါးသီလခံယူပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ကြီးနှင့် ဇနီး က နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် အား ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)က မန္တလေးမြို့တော်စည်ပင်သာယာရေးဝန်ကြီးနှင့် ဇနီး အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ပါမောက္ခချုပ်ဆရာတော်ထံမှ ရေစက်ချအနုမောဒနာ တရားနာ ယူကြည်ညိုခဲ့ကြသည်။ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမိသားစုများ၏ (၈၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား မှတ်တမ်းဓာတ်ပုံများ သတင်း