Skip to content
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
  • မူလစာမျက်နှာ
  • သတင်း
  • ကြေညာချက်များ
  • ဦးစီးဌာနဆိုင်ရာ အချက်အလက်များ
  • ဌာနခွဲများ
    • ပြည်ပသာသနာပြုဌာနခွဲ
    • ပြည်တွင်းသာသနာပြုဌာနခွဲ
    • ဦးစီးရေးရာဌာနခွဲ
    • နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)
  • သုတေသနစာကြည့်တိုက်
  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
  • ဓာတ်ပုံများ
  • ဆက်သွယ်ရန်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

လေ့လာရေးအဖွဲ့ လာရောက်

Admin, August 9, 2026August 21, 2026

ရန်ကုန်၊ ဩဂုတ်လ ၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ဒီပလိုမာ(ဗုဒ္ဓဓမ္မ)သင်တန်း တက်ရောက်လျက်ရှိသော ပြည်တွင်း/ပြည်ပနိုင်ငံအသီးသီးမှ သင်တန်းသား ရဟန်း ၄၄ ပါး၊ သီလရှင် ၁၂ ပါး၊ အမျိုးသမီး ၉ ဦးနှင့် ကြီးကြပ်သူ ၁၉ ပါး/ဦး စုစုပေါင်း ၈၄ ပါး/ဦး တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)သို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြသည်။

လေ့လာရေးအဖွဲ့များသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရ အမှူးပြုသော သင်ကြား/စီမံ ဆရာတော် ၉ ပါးတို့အား ဖူးမြော်ကြည်ညိုကြပြီး မော်ကွန်းထိန်းဌာနမှ မော်ကွန်းထိန်းလ/ထ(၁) ဘဒ္ဒန္တဩဒါတ က တက္ကသိုလ်နှင့်ပတ်သက်သည့် အကြောင်းအရာများ ကို ရှင်းလင်းမိန့်ကြားခဲ့ပါသည်။

ဆက်လက်၍ လေ့လာရေးအဖွဲ့များ၏ မေးမြန်းလျှောက်ထားမှုများကို မော်ကွန်းထိန်းလ/ထ(၁) ဆရာတော်မှ ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) အရာထမ်း၊ အမှုထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)သို့
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ ဒီပလိုမာ(ဗုဒ္ဓဓမ္မ)သင်တန်းသားများ
လေ့လာရေးခရီးစဉ် လာရောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ

သတင်း

Post navigation

Previous post
Next post

News by Years

  • August 2026
  • July 2026
  • June 2026
  • May 2026
  • February 2026
  • December 2025
  • July 2025
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • March 2023
  • February 2023
  • June 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • September 2021
  • August 2021
  • July 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • January 2018
  • November 2017
  • August 2017
©2026 သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန | WordPress Theme by SuperbThemes