နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တက္ကသိုလ်ပညာသင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေး(၂/၂၀၂၆) ကျင်းပ DpPS_@aDm1nm_, June 17, 2026August 1, 2026 ရန်ကုန် ဇွန် ၁၆ ဗဟိုပညာရေးအဖွဲ့နှင့် တက္ကသိုလ်များအုပ်ချုပ်ရေး ဗဟိုအဖွဲ့ အစည်းအဝေး(၂/၂၀၂၆) မကျင်းပမီ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပညာသင်ကြားရေးနှင့်စပ်လျဉ်း သည့် လိုအပ်ချက်၊ ဆောင်ရွက်ချက်များကိုတင်ပြပြီး ဆွေးနွေးဆုံးဖြတ်နိုင်ရေးအတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) တက္ကသိုလ်ပညာသင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေး(၂/၂၀၂၆)ကို ၁၆-၆-၂၀၂၆ ရက်နေ့ ၁၄ ၀၀ နာရီတွင် မဟာဘွဲ့ နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ တက္ကသိုလ်ပညာသင်ကြားရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် ပရိယတ္တိသာသာနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ)ဆရာတော်၊ ပါမောက္ခ/ဌာနမှူးဆရာတော်များ ကြွရောက်တော်မူကြပြီး ပြင်ပပညာရှင် ဆရာကြီးများ၊ ညွှန်ကြားရေးမှူးအဆင့်ဆင့်နှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ၁၃၈၇-၁၃၈၈ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် တက္ကသိုလ်ပညာသင်ကြားရေးနှင့်စီမံခန့်ခွဲရေးအဖွဲ့ (၂/၂၀၂၆)အစည်းအဝေးကျင်းပပြုလုပ်နေသည့် မှတ်တမ်းဓာတ်ပုံများ သတင်း