နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)တွင် သင်တန်းသားများအား အင်္ဂလိပ်စာသင်တန်း သင်ကြားပို့ချ DpPS_@aDm1nm_, June 16, 2026August 1, 2026 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ၁၃၈၇-၁၃၈၈(၂ဝ၂၅-၂ဝ၂၆) ပညာသင်နှစ် ဒုတိယနှစ်ဝက်ကာလတွင် သာသနတက္ကသီလဓမ္မာစရိယတန်း ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် သင်တန်းသားများအား ပညာရေးအထောက်အကူပြု အင်္ဂလိပ်စာ အခြေခံ Four Skill သင်တန်းများကို ၁၅-၆-၂၀၂၆ ရက်နေ့မှစ၍ ပိဋကတ်ဆိုင်ရာ အင်္ဂလိပ် စာပေဌာနမှ ဘဒ္ဒန္တကောဏ္ဍည (တွဲဖက်ပါမောက္ခ)ကြီးကြပ်၍ ဘဒ္ဒန္တဇဋိလ (အကြီးတန်းနည်းပြ)၊ ဘဒ္ဒန္တဣန္ဒက (အကြီးတန်း နည်းပြ)နှင့် ကျမ်းပြုသင်တန်းသား အရှင်ကေသဝတို့က အပတ်စဉ် ၁၉ ၀၀ မှ ၂၀ ၃၀ အထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။သတင်းစဉ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ၁၃၈၇-၁၃၈၈ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ဒုတိယနှစ်ဝက်ကာလ ညပိုင်းအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ပို့ချနေသည့် မှတ်တမ်းဓာတ်ပုံများ သတင်း