နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ သံဃာတော်များအား ကျန်းမာရေး စစ်ဆေးမှုပြုလုပ် DpPS_@aDm1nm_, July 10, 2026August 1, 2026 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မောင်ဝိဓမ္မဝိဟာရ၊ အခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပပြည်သူ့ ဆေးရုံကြီးမှ ဒေါက်တာမျိုးမြင့်ဦး (တွဲဖက်ပါမောက္ခ၊ နှလုံးအထူးကုဌာန)သည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မော်ကွန်းထိန်းဌာန၊ ဌာနကြီးမှူးဆရာတော်ထံ တင်ပြလျှောက်ထားပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)ရှိ သံဃာတော်များ နှလုံးကျန်းမာရေးနှင့် ပတ်သက်၍ ဝန်ဆောင်မှုပေး ကုသိုလ်ယူမည်ဖြစ်ပါသောကြောင့် ဆရာဝန်ကြီး ဦးဆောင်သည့် အဖွဲ့ဝင် ဆရာ၊ ဆရာမ ၈ ဦးက သင်ကြား/စီမံဆရာတော်နှင့် သင်တန်းသားသံဃာ ၁၁၄ ပါး၊ လူပုဂ္ဂိုလ် ၃ ဦး တို့အား holter moniter (vest) တပ်ဆင်ပေးခဲ့ကြပြီး ကျန်ရှိသည့် သံဃာတော်များနှင့် ဝန်ထမ်းမိသားစုများကိုလည်း ဆက်လက် စစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း သိရသည်။ သတင်းစဉ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)ရှိ သင်ကြား/စီမံ ဆရာတော်များနှင့် သင်တန်းသားသံဃာတော်များအား မြောက်ဉက္ကလာပပြည်သူ့ဆေးရုံးကြီးမှ ဆရာဝန်ကြီးနှင့် ဆရာ/ဆရာမများက ကျန်းမာရေးလာရောက်စစ်ဆေးပေးနေသည့် မှတ်တမ်းဓာတ်ပုံများ သတင်း