နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၏ အထက်ပြဿဒ်ဘုံဆင့်သို့ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ Admin, May 26, 2026June 5, 2026 မန္တလေး၊ မေ ၂၆ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၏ အထက်ပြဿဒ် ဘုံဆင့်သို့ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား ကို မဟာဘွဲ့နှင်းသဘင်ခန်းမကြီး၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဒုတိယပါမောက္ခချုပ်(သင်ကြား/စီမံ) ဆရာတော်(၅)ပါး၊ အလှူရှင်မိသားစုများ၊ ဒုတိယပါမောက္ခချုပ် (စီမံ/ဘဏ္ဍာ) ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများတက်ရောက်၍ ဒါန၊ သီလ၊ ဘာဝနာပွားများခြင်း၊ ပထမပိုင်းအစီအစဉ်ကို ဘွဲ့နှင်းသဘင် ခန်းမကြီး၌ ဆင်ယင်ကျင်းပပြုလုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော အလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီး ကြောင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမကြီး၌ ထိခိုက်ပျက်စီး မှုများရှိခဲ့ရာအဆိုပါ ဘွဲ့နှင်းသဘင် ခန်းမကြီးအား မန္တလေးတိုင်းဒေသကြီး အမျိုးသားသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြုပြင်ဆောင်ရွက်ပြီးဖြစ်ပါသဖြင့် အလှူရှင် ဦးသောင်းတန်+ဒေါ်သင်းသင်းခိုင် (သမီး) မချယ်ရီသောင်းတန်၊ (သား)မောင်ထက်နေဝန်းမိသားစု စည်သာနန်းထက်ကုမ္ပဏီမှ စတီးရွှေဖြင့် ဘုံဆင့် ထီးတော်အား တင်လှူပူဇော်ခဲ့ပါသည်။ ဆက်လက်၍ ဘုံဆင့်ပြဿဒ်အထွဋ်သို့ စတီးရွှေထီးတော်တင်လှူပူဇော်ခြင်း ဒုတိယပိုင်းကို ကျင်းပပြု လုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဆရာတော်ကြီးများ၊ အလှူရှင်မိသားစုများက ရွှေထီးတော် ဘုံအဆင့်ဆင့်နှင့် ရတနာစိန်ဖူးတော်တို့အား ပရိတ်ရေများ၊ အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်၍ ဘွဲ့နှင်း သဘင်ခန်းမကြီး ပြသာဒ်အထက်သို့ တင်လှူပူဇော်ခဲ့ပြီး ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၏ အထက်ပြဿဒ်ဘုံဆင့်သို့ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနား မှတ်တမ်းဓာတ်ပုံများ သတင်း