နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၏ ဖွဲ့စည်းပုံအသစ်တိုးချဲ့ခြင်းနှင့်စပ်လျဉ်း၍ ပါမောက္ခချုပ် ဆရာတော်ကြီးထံမှ ဩဝါဒခံယူခြင်းနှင့် ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)မှ ဖွဲ့စည်းပုံအား ရှင်းလင်း တင်ပြ လျှောက်ထား Admin, May 20, 2026June 5, 2026 မန္တလေး မေ ၁၉ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ နိုင်ငံတော်ပရိယတ္တိသာ သနာ့တက္ကသိုလ်(မန္တလေး)၏ ဖွဲ့စည်းပုံအသစ်တိုးချဲ့ခြင်းနှင့်စပ်လျဉ်း၍ ပါမောက္ခချုပ်ဆရာတော်ကြီးထံမှ ဩဝါဒခံယူခြင်းနှင့် ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)မှ ဖွဲ့စည်းပုံအား ရှင်းလင်းတင်ပြလျှောက်ထားခြင်း အခမ်းအနားကို နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ) ဆရာတော်များ၊ ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)၊ ပါမောက္ခ/ဌာနမှူးဆရာတော်များ၊ ညွှန်ကြားရေးမှူး၊ အရာထမ်းအမှုထမ်းများ တက်ရောက်ကြသည်။ ပါမောက္ခချုပ်ဆရာတော်က ဖွဲ့စည်းပုံအသစ်တိုးချဲ့ခြင်းနှင့်ပတ်သက်၍ ပြဋ္ဌာန်းကျမ်းနှင့် သင်ကြားရေး ပိုင်းတွင် ပြောင်းလဲမှုမရှိပါကြောင်း၊ သာသနာ့ဝန်ထမ်းရာထူး ခန့်အပ်ပေးသဖြင့် သင်ကြား/ စီမံ ဆရာတော် များသည် ဝန်ထမ်းများကဲ့သို့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သာသနာ့တာဝန်များ ထမ်းဆောင်ကြရန်နှင့် အသက်ပြည့်၍ ဆက်လက်တာဝန်ထမ်းဆောင်ရန် လိုအပ်ပါက သက်ဆိုင်ရာဌာနအကြီးအမှူးများ ၏ ထောက်ခံချက်လိုအပ်မည်ဖြစ်ပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနမှ အမှန်တကယ် အလုပ်လုပ်သည်ဟု သိမြင်၍ ချီးမြှောက်လိုသည့် သဒ္ဓါတရားကြောင့် ဝန်ထမ်းများကဲ့သို့ ရာထူးအဆင့်ဆင့်ဖြင့် ဖွဲ့စည်းပုံအသစ် တိုးချဲ့ပေးခြင်းဖြစ်ပါ၍ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဩဝါဒပြုမိန့်ကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)က ဖွဲ့စည်းပုံအသစ် တိုးချဲ့မှုအပေါ် ယခင်နှင့် ယခု ဖွဲ့စည်းပုံများနှင့် လစာ/ရာထူးနေရာများကို Power Pointဖြင့် ရှင်းလင်း တင်ပြလျှောက်ထားခဲ့ပြီး ဒုတိယ ပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)အပါအဝင် ဝန်ထမ်းများအားလုံးကို ကပ္ပိယ၊ ဥပါသကာဟု သဘောထားစေလိုပါ ကြောင်း၊ ဆရာဒကာလက်တွဲညီညာစွာဖြင့် သာသနာ့တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်း ဉာဏ် စွမ်းတို့ဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသည့် သင်ကြား/စီမံ ဆရာတော်များအား ကိုယ်စိတ်ကျန်းမာချမ်းသာစွာဖြင့် သာသနာ့တာဝန်၊ တက္ကသိုလ်တာဝန်များကို ထမ်းဆောင်နိုင်ကြပါစေကြောင်း ဆုတောင်းလျှောက်ထားခဲ့ကြောင်းသိရသည်။နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၏ ဖွဲ့စည်းပုံအသစ်တိုးချဲ့ခြင်းနှင့်စပ်လျဉ်း၍ ပါမောက္ခချုပ်ဆရာတော်ကြီးထံမှ ဩဝါဒခံယူခြင်းနှင့် ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)မှ ဖွဲ့စည်းပုံအား ရှင်းလင်းတင်ပြလျှောက်ထားခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများ သတင်း