ရွှေတိဂုံစေတီတော်

ရွှေတိဂုံစေတီတော်

ဥပ္ပါတသန္တိစေတီတော် နေပြည်တော်

ဥပ္ပါတသန္တိစေတီတော် နေပြည်တော်

မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး

မဟာပါသဏလိုဏ်ဂူ သိမ်တော်ကြီး

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)

 

ပိဋကသုံးပုံ အင်္ဂလိပ်ဘာသာပြန်ကျမ်းစာအုပ် ၂၄ အုပ် လွှင့်တင်

ဆဋ္ဌမူပိဋကတော် ၅၃ ကျမ်းအနက် နာယကကြီးဦးနုကိုယ်တိုင်ဦးစီးသည့် ပထမအကြိမ် ပိဋက ဘာသာပြန်စာတည်းကော်မတီအဖွဲ့က ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၆ ခုနှစ်အထိ ၄၅ ကျမ်းကို အင်္ဂလိပ် ဘာသာသို့ပြန်ဆိုနိုင်ခဲ့ပြီး ယင်း ၄၅ ကျမ်းအနက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပ သာသနာပြုဌာနခွဲ၊ ဘာသာပြန်ဌာနစုမှ စိစစ်တည်းဖြတ်ပြီးစီးသည့် ကျမ်းအားဖြင့် ၂၇ ကျမ်း၊ အုပ်ရေ အားဖြင့် ကျမ်းစာအုပ် ၂၅ အုပ်ကို ပုံနှိပ်ထုတ်ဝေပြီးဖြစ်ပါသည်။

အဆိုပါ အင်္ဂလိပ်ဘာသာပြန်ကျမ်းစာအုပ် ၂၅ အုပ် အနက် ၂၄ အုပ်ကို ဖော်ပြပါ Link တွင် ဖတ်ရှုရယူနိုင်ပါသည်။

Link : http://www.kbrl.gov.mm/catalog/index/6

ဗုဒ္ဓတရားတော်များဆိုင်ရာစာအုပ်(၃၉)အုပ် လွှင့်တင်

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၊ ပုံနှိပ်ထုတ်ဝေရေးဌာနခွဲမှ တာဝန်ယူရိုက်နှိပ်ပြီးစီးသည့် ဗုဒ္ဓတရားတော်များဆိုင်ရာ စာအုပ်(၃၉)အုပ်ကို  လွှင့်တင်ထားပြီး ဖော်ပြပါ Link  တွင် ဖတ်ရှုရယူနိုင်ပါသည်။

Link : http://www.kbrl.gov.mm/catalog/index/74

ပိဋကတ်တိုက်သို့ ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပသာသနာပြုဌာနခွဲ(ရန်ကုန်)သို့ ၅-၄-၂၀၂၄ ရက်နေ့၊ ၁၁:၃၀ အချိန်တွင် သံအမတ်ကြီးဟောင်း ဦးစောလှမင်း နာယကအဖြစ်ဆောင်ရွက်သည့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းမှ ဒေါက်တာဌေးလွင် ဦးဆောင်သော ကျောင်းသား/ကျောင်းသူ ၃၀ ဦး တို့သည် ဗုဒ္ဓယဉ်ကျေးမှုပြတိုက်နှင့် ပိဋကတ်တိုက်တို့အား လာရောက်လေ့ကြကြောင်းသိရှိရသည်။

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)ဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်ချက်များ

မဟာဝိဇ္ဇာကျမ်းပြုလက်စွဲမူကြမ်း အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ မဟာဝိဇ္ဇာကျမ်းပြုလက်စွဲစာအုပ် ရေးသား ထုတ်ဝေရန် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ တက္ကသိုလ်ပညာသင်ကြားရေး အဖွဲ့က သုတေသနဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန ဌာနမှူးဆရာတော်အား ယခင် ရှိပြီးဖြစ်သည့် မဟာကျမ်းပြုလက်စွဲစာအုပ်ကိုအခြေခံ၍ ရေးသားပြုစုရန်တာဝန်ပေးအပ်ခဲ့ပါသည်။

အဆိုပါတာဝန်ပေးချက်အရ မဟာဝိဇ္ဇာကျမ်းပြုလက်စွဲမူကြမ်း အတည်ပြုနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ၃-၃-၂၀၂၄ ရက်နေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော ဒုတိယ ပါမောက္ခချုပ်ဆရာတော်(သင်ကြား)၊ ပါမောက္ခ/ဌာနမှူးဆရာတော်များ၊ တွဲဖက်ပါမောက္ခ ဆရာတော်များ၊ ကထိကဆရာတော်များ၊ လက်ထောက်ပိဋကတ်တိုက်မှူးဆရာတော်များနှင့် ပြင်ပ ပညာရှင်ဆရာကြီးများက အခန်း ၈ ခန်းပါဝင်သော မဟာဝိဇ္ဇာကျမ်းပြုလက်စွဲစာအုပ်မူကြမ်း၏ အကြောင်းအရာ၊ အချက်အလက်များကိုပြင်ဆင်ဖြည့်စွက် အတည်ပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။