ပိဋကသုံးပုံ အင်္ဂလိပ်ဘာသာပြန်ကျမ်းစာအုပ် ၂၅ အုပ် လွှင့်တင် dpps, May 3, 2024June 5, 2024 ဆဋ္ဌမူပိဋကတော် ၅၃ ကျမ်းအနက် နာယကကြီးဦးနုကိုယ်တိုင်ဦးစီးသည့် ပထမအကြိမ် ပိဋက ဘာသာပြန်စာတည်းကော်မတီအဖွဲ့က ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၆ ခုနှစ်အထိ ၄၅ ကျမ်းကို အင်္ဂလိပ် ဘာသာသို့ပြန်ဆိုနိုင်ခဲ့ပြီး ယင်း ၄၅ ကျမ်းအနက် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ပြည်ပ သာသနာပြုဌာနခွဲ၊ ဘာသာပြန်ဌာနစုမှ စိစစ်တည်းဖြတ်ပြီးစီးသည့် ကျမ်းအားဖြင့် ၂၇ ကျမ်း၊ အုပ်ရေ အားဖြင့် ကျမ်းစာအုပ် ၂၅ အုပ်ကို ပုံနှိပ်ထုတ်ဝေပြီးဖြစ်ပါသည်။ အဆိုပါ အင်္ဂလိပ်ဘာသာပြန်ကျမ်းစာအုပ် ၂၅ အုပ်ကို ဖော်ပြပါ Link တွင် ဖတ်ရှုရယူနိုင်ပါသည်။ Link : http://www.kbrl.gov.mm/catalog/index/6 သတင်း