နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) တတိယအကြိမ်မြောက် တက္ကသိုလ်ဌာနပေါင်းစုံ စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ Admin, August 6, 2026September 1, 2026 မန္တလေး၊ ဩဂုတ်လ၊ ၅ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၏ တတိယအကြိမ်မြောက် ၁၃၈၇-၁၃၈၈ (၂ဝ၂၅-၂ဝ၂၆)ခု ပညာသင်နှစ်၊ တက္ကသိုလ်ဌာနပေါင်းစုံ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ ၀၇ ၃၀ အချိန်မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်အမှူးပြုသည့် သင်ကြား/စီမံဆရာတော်များ၊ ပြင်ပတက္ကသိုလ်(၄)ခုမှ ဖိတ်ကြားထား သော သံဃာတော်များ၊ စာသင်သား သံဃာတော်များကြွရောက်၍ ပြင်ပပညာရှင်ဆရာကြီးများ၊ ဒုတိယ ပါမောက္ခချုပ် (စီမံ/ဘဏ္ဍာ) ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများ၊ အလှူရှင်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည်ညို ကြသည်။ ဦးစွာ ပါမောက္ခချုပ်ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဒေါက်တာဘဒ္ဒန္တကေသရထံမှ အဖွင့် ဩဝါဒကထာနာယူ၍ ပထမပိုင်းစာတမ်းဖတ်ပွဲကို ကျင်းပပြီး ဒုတိယပိုင်းကို ၁၃ ၀၀ အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သည်။ အဆိုပါစာတမ်းဖတ်ပွဲ အခမ်းအနားတွင် အလှူရှင် ဦးစိုင်းမျိုးထိုက်(ခ)ဦးကျော်+ဒေါ်ပုလဲ (ကျော်ပုလဲ)မိသားစုတို့မှ ပါမောက္ခချုပ် ဆရာတော်အမှူးပြုသည့် သင်ကြား/စီမံဆရာတော်များ နှင့် စာသင်သားသံဃာတော် ၃၄၈ပါးတို့အတွက် ကျပ်သိန်း ၁ဝ၇,၈၅၀,၀၀၀/- ဝေယျာဝစ္စ အလှူအတွက် ကျပ်သိန်း ၂,၃၈၀,၀၀၀/- စုစုပေါင်း ငွေကျပ်သိန်း ၁၁၀၂၃၀၀၀၀/-တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။ တတိယအကြိမ်မြောက် တက္ကသိုလ်ဌာနပေါင်းစုံ စာတမ်းဖတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်နေသည့် မှတ်တမ်းဓာတ်ပုံများ သတင်း