Skip to content
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
  • မူလစာမျက်နှာ
  • သတင်း
  • ကြေညာချက်များ
  • ဦးစီးဌာနဆိုင်ရာ အချက်အလက်များ
  • ဌာနခွဲများ
    • ပြည်ပသာသနာပြုဌာနခွဲ
    • ပြည်တွင်းသာသနာပြုဌာနခွဲ
    • ဦးစီးရေးရာဌာနခွဲ
    • နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)
  • သုတေသနစာကြည့်တိုက်
  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
  • ဓာတ်ပုံများ
  • ဆက်သွယ်ရန်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) တတိယအကြိမ်မြောက် တက္ကသိုလ်ဌာနပေါင်းစုံ စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

Admin, August 6, 2026September 1, 2026

မန္တလေး၊ ဩဂုတ်လ၊ ၅

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၏ တတိယအကြိမ်မြောက် ၁၃၈၇-၁၃၈၈ (၂ဝ၂၅-၂ဝ၂၆)ခု ပညာသင်နှစ်၊ တက္ကသိုလ်ဌာနပေါင်းစုံ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ ၀၇ ၃၀ အချိန်မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ် ဆရာတော်အမှူးပြုသည့် သင်ကြား/စီမံဆရာတော်များ၊ ပြင်ပတက္ကသိုလ်(၄)ခုမှ ဖိတ်ကြားထား သော သံဃာတော်များ၊ စာသင်သား သံဃာတော်များကြွရောက်၍ ပြင်ပပညာရှင်ဆရာကြီးများ၊ ဒုတိယ ပါမောက္ခချုပ် (စီမံ/ဘဏ္ဍာ) ဦးဆောင်သော အရာထမ်း၊ အမှုထမ်းများ၊ အလှူရှင်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည်ညို ကြသည်။

ဦးစွာ ပါမောက္ခချုပ်ဆရာတော်(အဂ္ဂမဟာပဏ္ဍိတ) ဒေါက်တာဘဒ္ဒန္တကေသရထံမှ အဖွင့် ဩဝါဒကထာနာယူ၍ ပထမပိုင်းစာတမ်းဖတ်ပွဲကို ကျင်းပပြီး ဒုတိယပိုင်းကို ၁၃ ၀၀ အချိန်တွင် ဆက်လက်ကျင်းပပြုလုပ်သည်။

အဆိုပါစာတမ်းဖတ်ပွဲ အခမ်းအနားတွင် အလှူရှင် ဦးစိုင်းမျိုးထိုက်(ခ)ဦးကျော်+ဒေါ်ပုလဲ (ကျော်ပုလဲ)မိသားစုတို့မှ ပါမောက္ခချုပ် ဆရာတော်အမှူးပြုသည့် သင်ကြား/စီမံဆရာတော်များ နှင့် စာသင်သားသံဃာတော် ၃၄၈ပါးတို့အတွက် ကျပ်သိန်း ၁ဝ၇,၈၅၀,၀၀၀/- ဝေယျာဝစ္စ အလှူအတွက် ကျပ်သိန်း ၂,၃၈၀,၀၀၀/- စုစုပေါင်း ငွေကျပ်သိန်း ၁၁၀၂၃၀၀၀၀/-တို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဒုတိယပါမောက္ခချုပ်(စီမံ/ဘဏ္ဍာ)မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၍ ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ကြောင်း သိရသည်။

တတိယအကြိမ်မြောက် တက္ကသိုလ်ဌာနပေါင်းစုံ စာတမ်းဖတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်နေသည့် မှတ်တမ်းဓာတ်ပုံများ

သတင်း

Post navigation

Previous post
Next post

News by Years

  • August 2026
  • July 2026
  • June 2026
  • May 2026
  • February 2026
  • December 2025
  • July 2025
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • March 2023
  • February 2023
  • June 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • September 2021
  • August 2021
  • July 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • January 2018
  • November 2017
  • August 2017
©2026 သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန | WordPress Theme by SuperbThemes