နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) သံဃာတော်များ ဝါဆို ဝါကပ်တော်မူခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ Admin, July 30, 2026August 10, 2026 မန္တလေး၊ ဇူလိုင် ၃၀ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) သံဃာတော်များ ဝါဆို ဝါကပ်တော်မူခြင်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပရိဝုဏ်အတွင်းရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)က ဒုတိယပါမောက္ခချုပ် (စီမံ/ဘဏ္ဍာ) နှင့် ဇနီး တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ဆရာတော်အမှူးပြုသည့် သင်ကြား/စီမံဆရာတော်(၆၇)ပါးနှင့် စာသင်သားသံဃာတော် (၂၈၁)ပါး၊ စုစုပေါင်းဝါဆိုသံဃာတော်(၃၄၈)ပါးတို့ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)က ဒုတိယပါမောက္ခချုပ် (စီမံ/ဘဏ္ဍာ) နှင့် ဇနီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) အမှုထမ်း၊ အရာထမ်းများနှင့် အလှူရှင်များ တက်ရောက်ကြသည်။ ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ အခမ်းအနားတက်ရောက်ကြသူများက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရထံမှ ငါးပါးသီလချီးမြှင့်တော်မူခဲ့ပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။ ဒုတိယပါမောက္ခချုပ် (စီမံ/ဘဏ္ဍာ) နှင့် ဇနီး၊ တို့က ပါမောက္ခချုပ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ သံဃာတော်များ ဝါဆို ဝါကပ်တော်မူခြင်းနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား မှတ်တမ်းဓာတ်ပုံများ သတင်း