ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ Admin, May 16, 2026June 4, 2026 ၁၅-၅-၂၀၂၆ ရက်နေ့၊ ၀၈:၀၀ အချိန်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)၊ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် စာသင်တိုက်ကြီးများသို့ ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာမူ ကျမ်းစာ အုပ်များ ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ သာသနာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်း၊ နိုင်ငံတော် ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယ မဟာထေရ်မြတ်ထံမှ ငါးပါး သီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တော်များ ရွတ်ပွားချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်လွင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များနှင့် တာဝန်ရှိ သူများက ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူ ကျမ်းစာအုပ်များအား ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် ပြည်ထောင်စုဝန်ကြီးထံ အလှူရှင်များက ပိဋကသုံးပုံကျမ်းစာအုပ်များ ထပ်မံရိုက်နှိပ်နိုင်ရန်အတွက် အလှူတော်ငွေကျပ် (၁၅၅)သိန်း လှူဒါန်းခဲ့ကာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ် တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာ ဘိဝံသမဟာထေရ်မြတ်က အနုမောဒနာနှင့် ရေစက်သွန်းတရား ဟောကြားတော်မူပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ၀၉:၀၀ အချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သိရသည်။ သတင်း