နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) သာသနတက္ကသီလမဟာဓမ္မာစရိယကျမ်းစာ လူတွေ့စစ်ဆေး Admin, July 12, 2026July 17, 2026 မန္တလေး၊ ဇူလိုင် ၁၂ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)မှ (၃၂)ကြိမ်မြောက် မဟာဘွဲ့နှင်း သဘင် အခမ်းအနားတွင် သာသနတက္ကသီလမဟာဓမ္မာစရိယ(MA.) ဘွဲ့ယူမည့် အရှင်ဝီရပတိ(စစ်ကိုင်း)၊ ကျမ်းဘိ-၅(၈၅)၊ အရှင်ဝဏ္ဏသာမိ(ရွှေဘို)၊ ကျမ်းဘိ-၃(၈၅) တို့၏ ကျမ်းစာကို ပါမောက္ခချုပ် ဆရာတော်အမှူးပြုသော ဌာနကြီးမှူးဆရာတော်များ၊ ပါမောက္ခ/ဌာနမှူး ဆရာတော်များ၊ ပြင်ပ ကျမ်းစစ်ဆရာတော် ဒေါက်တာဘဒ္ဒန္တပါရမီ၊ ဒေါက်တာဘဒ္ဒန္တအာစိဏ္ဏ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ရန်ကုန်မြို့နှင့် အတွင်းကျမ်းစစ် ဆရာတော်တို့က လူတွေ့စစ်ဆေးခြင်း အား စစ်ဆေးခဲ့ကြောင်းသိရသည်။သတင်းစဉ် သာသနတက္ကသီလမဟာဓမ္မာစရိယကျမ်းစာ လူတွေ့စစ်ဆေးနေသည့်မှတ်တမ်းဓာတ်ပုံများ သာသနတက္ကသီလမဟာဓမ္မာစရိယကျမ်းစာ လူတွေ့စစ်ဆေးနေသည့်မှတ်တမ်းဓာတ်ပုံများ သတင်း