တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးနှင့် တက္ကသိုလ်ပညာရေးအဖွဲ့အစည်းအဝေး (၁/၂ဝ၂၆) ကျင်းပ dpps, February 1, 2026February 2, 2026 ၂၄-၁-၂၀၂၆ ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (မန္တလေး)ဌာနခွဲ၊ စည်းဝေးညီမူရာခန်းမ၌ ပါမောက္ခချုပ်ဆရာတော် အမှူးပြုသော ဒုတိယပါမောက္ခချုပ် ဆရာတော်များနှင့် ပါမောက္ခ/ဌာနမှူးဆရာတော်များ၊ ညွှန်ကြားရေးမှူး ဦးဆောင်သည့် အရာထမ်းများဖြင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေး(၁/၂ဝ၂၆)နှင့် တက္ကသိုလ်ပညာရေးအဖွဲ့အစည်းအဝေး (၁/၂ဝ၂၆)ကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ဌာနခွဲ ညွှန်ကြားရေးမှူးက မဟာဘွဲ့နှင်းသဘင်ခန်းမ ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ငလျင်ဒဏ် ကြောင့်ထိခိုက်ပျက်စီးသွားသော တက္ကသိုလ်အတွင်းရှိ အဆောက်အဦများ၏ ပြန်လည်ပြုပြင် ဆောင်ရွက်မှုအခြေအနေများ၊ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ဩဝါဒခံယူဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တို့ကို ရှင်းလင်းလျောက်ထားတင်ပြခဲ့ပါကြောင်းနှင့် နံနက်(၀၉:၀ဝ)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ သတင်း