သာသနာရေးဝန်ကြီးဌာန


သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန


၁၁-၅-၁၉၆၁ ခုနှစ်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဌာနခွဲအောက်၌ သုတေသနစာကြည့်တိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ဌာနခွဲကို သာသနာရေး ဦးစီး ဌာန၏ ဌာနခွဲတစ်ခုအဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ရာ သာသနာရေး ဦးစီးဌာန၏ သုတေသနစာကြည့်တိုက်အဖြစ် ဆက်လက် ဖွင့်လှစ်ခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန၊ ပြည်ပ သာသနာပြုဌာနခွဲ၊ စာကြည့်တိုက် နှင့်ပေစာဌာနစု၊ သုတေသနစာကြည့်တိုက်အဖြစ် ဆက်လက် ဖွင့်လှစ်ထားပါသည်။


ပုဂံခေတ် အနော်ရထာမင်းလက်ထက်မှစ၍ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို ဆရာတော် သံဃာတော်များက ဦးဆောင်ဖွင့်လှစ်ခဲ့ကြပြီး ရှေးယခင်က ခေတ်ပညာ(အတန်းပညာ)ကို အခြေမခံဘဲ ဗုဒ္ဓအဆုံးအမ၊ မြန်မာစာနှင့် တွက်ချက်မှုဆိုင်ရာများကို အခြေခံသင်ကြားသောကျောင်းများ ဖြစ်ပါသည်။ သမိုင်းကျောင်းများနှင့်အတူ ပေါ်ပေါက်ခဲ့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို ဆရာတော် သံဃာတော်များအဆင့်ဆင့် လက်ဆင့် ကမ်း၍ လွှဲပြောင်းဖွင့်လှစ်လာခဲ့သည့်အပြင် မျက်မှောက် ခေတ်အခြေအနေအရ မူလတန်း၊ မူလတန်းလွန်၊ အလယ်တန်း၊ တွဲဖက်အထက်တန်း အစရှိသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးချဲ့ဖွင့်လှစ်မှုများ ဆောင်ရွက်လာခဲ့ပါသည်။ ဘုန်းတော်ကြီးင် ပညာရေးကျောင်းများကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပါသည်။

ဆင်းရဲချမ်းသာမရွေး လူတိုင်း အရေး၊ အဖတ်၊ အတွက် အခြေခံပညာနှင့် ခေတ်ပညာ တက်မြောက်စေရန်။

ပညာသင်ကြားရေး၌ စရိတ်သက်သာပြီး လွယ်ကူမှုရှိစေရန်။

ကိုယ့်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး၊ နိုင်ငံအကျိုး၊ သယ်ပိုးလိုသည့် သားကောင်း သမီးကောင်းများ ဖြစ်လာစေရန်။

မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံတို့ကို သိရှိနားလည်၍ မြတ်နိုးစွာလိုက်နာခံယူ တတ်ကြ စေရန်။

ဗုဒ္ဓဘာသာ သာသနာတော်ဆိုင်ရာ အဆုံးအမများကို ကြားနာမှတ်သား သိရှိလိုက်နာပြီး အနာဂတ်သာသနာကို တာဝန်ယူကြမည့် ဗုဒ္ဓဘာသာဝင်ကောင်းများ ဖြစ်ကြစေရန်။

အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်။

ပိဋကတ်ကျမ်းစာများ

အဋ္ဌကထာကျမ်းစာအုပ်များ

ပါဠိတော်ကျမ်းစာအုပ်များ

ပိဋကတ်သုံးပုံ (အင်္ဂလိပ်ဘာသာပြန်)


Website ပေါ်တွင်သာဖတ်ရှုနိုင်ပါသည်။ Download လုပ်ခွင့်မရှိပါ။

ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများ


မှတ်တမ်းဓာတ်ပုံများ


ဆက်သွယ်ရန်


Phone: 067 3406227

Email: dppsmyanmar@gmail.com

Visitor Statistics
280 Today
594 Yesterday
1,604 This Week
4,329 This Month
19,634 This Year
56,934 Total

Copyright © All rights reserved. Department for the Promotion and Propagation of Sãsana