Skip to content
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
  • မူလစာမျက်နှာ
  • သတင်း
  • ကြေညာချက်များ
  • ဦးစီးဌာနဆိုင်ရာ အချက်အလက်များ
  • ဌာနခွဲများ
    • ပြည်ပသာသနာပြုဌာနခွဲ
    • ပြည်တွင်းသာသနာပြုဌာနခွဲ
    • ဦးစီးရေးရာဌာနခွဲ
    • နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)
  • သုတေသနစာကြည့်တိုက်
  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
  • ဓာတ်ပုံများ
  • ဆက်သွယ်ရန်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ အစည်းအဝေးတွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားနေစဉ်

dpps, January 11, 2021August 4, 2023

ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့

လောက၌ ဂေါတမဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူစဉ်ကပင် မြန်မာနိုင်ငံသို့ ဗုဒ္ဓသာသနာတော် ရောက်ရှိခဲ့ပြီး ဖြစ်ပါသည်။ သာသနာတော်နှစ် (၂၃၅)၊ ဘီစီ (၃၀၉) ခုနှစ်တွင် တတိယသံဂါယနာ တင်ပြီးနောက် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်ခဲ့၍ သုဝဏ္ဏဘူမိ (သထုံ) သို့ ရှင်သောဏနှင့် ရှင်ဥတ္တရတို့ ဦးဆောင်သော ရဟန်းတော် ၅ ပါး ရောက်ရှိသာသနာပြုကြသောကြောင့် သုဝဏ္ဏဘူမိ (သထုံ)ပြည်၌ ဗုဒ္ဓသာသနာထွန်းကားနေပြီဖြစ်သည်။ သာသနာနှစ် ၁၅၇၀ တွင် မွန်ရဟန်းတော် အရှင်အရဟံသည် ထေရဝါဒသာသနာ အစစ်အမှန် မထွန်းကားသေးသော ပုဂံဒေသသို့ သာသနာပြု ကြွရောက်ခဲ့ချိန်မှစ၍ အနော်ရထာမင်းကြီးနှင့်အတူ သာသနာပြု ခဲ့ကြရာ အထက်မြန်မာပြည်အနှံ့ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပခဲ့ရပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးပြီးနောက် နယ်စပ်နှင့်တောင်တန်းဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗုဒ္ဓသာသနာ အဆုံးအမနှင့် ဝေးကွာခဲ့ရသည်။ ၃၀−၆−၁၉၄၆ တွင် ခြောက်ထပ်ကြီးကျောင်းတိုက်၊ အလယ်ကျောင်းကြီး၌ ကျင်းပသော အစည်းအဝေး ဒုတိယနေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာဗုဒ္ဓဘာသာအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌ ဆာဦးသွင်၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုတို့ တက်ရောက်ခဲ့ပြီး ဂိုဏ်းပေါင်းစုံမဟာသံဃအဖွဲ့ချုပ်ကြီး၏ မဟာနာယက အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဦးပညာက “တောင်တန်းဗုဒ္ဓသာသနာပြုအဖွဲ့ကြီး” ဖွဲ့စည်းရန် အဆိုတင်သွင်းခဲ့သဖြင့် ၁၇-၉-၁၉၄၆ တွင် “တောင်တန်းဗုဒ္ဓသာသနာပြုအဖွဲ့ကြီး”ကို ဖွဲ့စည်း တည်ထောင်ပြီး နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြုလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။
ယနေ့ကာလတွင် မြန်မာနိုင်ငံသည် ဗုဒ္ဓသာသနာအထွန်းကားဆုံးနိုင်ငံဖြစ်သည်နှင့်အညီ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ ထွန်းကားပြန့်ပွားရေးအတွက် သာသနာပြုရန်နှင့် ကမ္ဘာတည် သရွေ့ အရှည်တည်တံ့နိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရမည့်တာဝန်မှာ မြန်မာနိုင်ငံသား ဗုဒ္ဓ ဘာသာဝင် ရဟန်းရှင်လူများသည် ပဓာနကျလျက်ရှိသည်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ရှေးဦးစွာ ဆောင်ရွက်ရမည့် တာဝန်ရှိသည့် အလျောက် ၁၉၈၀ ပြည့်နှစ်တွင် ကျင်းပသော ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးကြီးက သာသနာတော် သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေးလုပ်ငန်း ၃ ရပ်ကို လုပ်ဆောင်နိုင်ရန် သံဃာ့အဖွဲ့အစည်း အသီးသီးကို ဖွဲ့စည်းပြီး တောင်တန်းဗုဒ္ဓသာသနာပြု သံဃာ့အဖွဲ့အစည်း စည်းမျဉ်းနှင့်လုပ်ထုံးလုပ်နည်းများ၊ တောင်တန်းသာသနာပြု ဗဟိုသံဃာ့ အဖွဲ့အစည်းနှင့် တောင်တန်းဗုဒ္ဓသာသနာပြုလက်စွဲတို့ကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပါသည်။
၉-၅-၁၉၉၁ တွင် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပေါ်ပေါက်လာသော အခါ ဦးစီးဌာန၏ ရည်မှန်းချက်လုပ်ငန်းစဉ်နှင့် လိုက်လျောညီထွေမှုရှိသော ထေရဝါဒဗုဒ္ဓ သာသနာပြုဩဝါဒါစရိယအဖွဲ့စည်းမျဉ်းကို ၂၃-၃-၁၉၉၄ တွင် တတိယအကြိမ်၊ နိုင်ငံတော် သံဃာ့ဝန်ဆောင်အဖွဲ့၊ ပဉ္စမအစည်းအဝေးက အတည်ပြု ပြဋ္ဌာန်းပေးခဲ့သည့်အတွက် ယခု အချိန်တွင် ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ကို ဆရာတော် ၁၁ ပါးဖြင့် တိုးချဲ့ ဖွဲ့စည်းထားပါသည်။

ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့သည် ဝေးလံခေါင်းပါးသည့် နယ်စပ်နှင့် တောင်တန်းဒေသများတွင် သာသနာပြုရဟန်းတော်များ အဆင်ပြေစေရန်အတွက် ထေရဝါဒ ဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရ(မဟာသွံသာရဆရာတော်)၏ မတည် လှူဒါန်းမှုဖြင့် ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ရန်ပုံငွေတည်ထောင်ခဲ့ပြီး ထေရဝါဒ ဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများ၏ တရားပွဲကျင်းပခြင်းမှ ရရှိသော အလှူငွေနှင့် ဇမ္ဗူသီရိဗိမာန်တော်တွင် တရားပွဲကျင်းပခြင်းမှရရှိသော အလှူငွေတို့ကို ထေရဝါဒ ဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ရန်ပုံငွေထဲသို့ ထည့်ဝင်ထားပါသည်။ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနက သာသနာပြုရဟန်းတော်များ ဆေးဝါးကုသမှု ခံယူသည့်အခါ ခရီးစရိတ်များ၊ ဆေးကုသစရိတ်များ လှူဒါန်းသည့်အပြင် ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယ အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် အဆိုပါရန်ပုံငွေထဲမှ ထပ်မံလှူဒါန်းပါသည်-
– ၂၀၁၄ ခုနှစ်၌ ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ ဒု-ဥက္ကဋ္ဌ၊ ဘဒ္ဒန္တသုစိတ္တ (နေနတ်သားဆရာတော်)က သာသနာပြုရဟန်းတော်သင်တန်းအမှတ်စဉ် (၂၆) တွင် သင်တန်းသား ၃၇ ပါး တို့အား ကျပ်− ၁,၁၀၀,၀၀၀/-ကို လှူဒါန်းခဲ့ပါသည်။
– ၂၀၁၅ ခုနှစ်၌ သာသနာပြုရဟန်းတော်များအား ဆေးကုသစရိတ် ကျပ်− ၁,၀၀၀,၀၀၀/ – ကို လှူဒါန်းခဲ့ပါသည်။
– ၂၀၁၆ ခုနှစ်၌ သာသနာပြုရဟန်းတော် ၉ ပါးအား ဆေးကုသစရိတ် ကျပ်− ၉၀၀,၀၀၀/- ကို လှူဒါန်းခဲ့ပါသည်။
– ၂၀၁၇ ခုနှစ်၌ သာသနာပြုရဟန်းတော် ၁၃ ပါးတို့အား ဆေးကုသစရိတ် ကျပ်− ၉,၂၅၀,၀၀၀/- ကို လှူဒါန်းခဲ့ပါသည်။
– ၂၀၁၈ ခုနှစ်၌ သာသနာပြုရဟန်းတော်သင်တန်းအမှတ်စဉ် (၂၇) တွင် သင်တန်းသား ၃၉ ပါး၊ ၂၅ နှစ်အထက် သာသနာပြုရဟန်းတော်များ တွေ့ဆုံပွဲအခမ်းအနားတွင် ရဟန်းတော် ၃၂ ပါးနှင့် သာသနာပြုရဟန်းတော် ၁၆ ပါး၏ ဆေးကုသစရိတ်တို့ အတွက် စုစုပေါင်း ကျပ်− ၁၁,၉၅၀,၀၀၀/- ကို လှူဒါန်းခဲ့ပါသည်။
– ၂၀၁၉ ခုနှစ်၌ သာသနာပြုရဟန်းတော်သင်တန်း အမှတ်စဉ် (၂၈) တွင် သင်တန်းသား ၃၇ ပါး၊ သာသနာပြုရဟန်းတော် ၁၅ ပါး၏ ဆေးကုသစရိတ် တို့အတွက် စုစုပေါင်း ကျပ်− ၁၅,၇၇၀,၀၀၀/- လှူဒါန်းခဲ့ပါသည်။
– ၂၀၂၀ ပြည့်နှစ်၌ သာသနာပြုရဟန်းတော် ၁၂ ပါးတို့ကို ဆေးကုသစရိတ် ကျပ်− ၂,၀၀၀,၀၀၀/- ကို လှူဒါန်းခဲ့ပါသည်။

ထေရဝါဒဗုဒ္ဓသာသနာပြုဩဝါဒါစရိယအဖွဲ့ အစည်းအဝေးကို လစဉ် လတစ်လ၏ နောက်ဆုံးအပတ် သောကြာနေ့တွင် ကျင်းပကာ သာသနာပြုရဟန်းတော်များ၏ နုတ်ထွက်ခြင်း၊ ခန့်အပ်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ခွင့်ခံစားခွင့်ပြုခြင်း စသည့်ကိစ္စများကို စုပေါင်းဆွေးနွေး ဆုံးဖြတ်ကြခြင်း၊ သာသနာပြုဌာနများတွင် ကျင်းပသော ဘာသာရေးအခမ်းအနားများသို့ ကြွရောက်ချီးမြှင့်ခြင်း၊ သာသနာပြုသင်တန်းများတွင် ဩဝါဒပေးချီးမြှောက်ခြင်း၊ သင်ခန်းစာများ သင်ကြားပို့ချပေးခြင်း၊ နယ်စပ်နှင့်တောင်တန်းဒေသ သာသနာပြုဌာနများသို့ ကွင်းဆင်း၍ သာသနာပြုခြင်းများကို ဆောင်ရွက်တော်မူကြပါသည်။

ယနေ့အချိန်တွင် နယ်စပ်နှင့်တောင်တန်းဒေသ၌ သာသနာပြုဌာနပေါင်း ၆၀၇ ဌာန၊ သာသနာပြုပရိယတ္တိစာသင်တိုက် ၇ တိုက်၊ သာသနာပြုသီလရှင်စာသင်တိုက် ၁၀ တိုက်တို့ တည်ထောင်ဖွင့်လှစ်၍ သာသနာပြုရဟန်းတော် ၆၄၅ ပါး၊ သာသနာပြုသီလရှင် ၄၃ ပါး၊ သာသနာပြုလူပုဂ္ဂိုလ် ၃၄၁ ဦးတို့ဖြင့် သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

သတင်း

Post navigation

Previous post
Next post

News by Years

  • July 2025
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • March 2023
  • February 2023
  • June 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • September 2021
  • August 2021
  • July 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • January 2018
  • November 2017
  • August 2017
000730
Visit Today : 26
This Year : 730
Total Visit :