တက္ကသိုလ်သင်တန်းသားသစ်များ ကြိုဆိုမိတ်ဆက်ခြင်း အခမ်းအနား ကျင်းပ dpps, December 15, 2023June 5, 2024 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ၁၃၈၅-၈၆(၂၀၂၃-၂၀၂၄)ပညာသင်နှစ် သာသနတက္ကသီလဓမ္မာစရိယတန်း ပထမနှစ်သင်တန်းသို့တက်ရောက်ခွင့်ရကြသည့် သင်တန်းသား သစ်များအား ကြိုဆိုမိတ်ဆက်ခြင်းအခမ်းအနားကို ၁၃-၁၂-၂၀၂၃ရက်နေ့၊ နံနက်ပိုင်းတွင် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသော သင်ကြား/စီမံဆရာတော်များ၊ သင်တန်းသားသံဃာ ၉၈ ပါးတို့ကြွရောက်တော်မူကြပြီး ပြင်ပပညာရှင်ဆရာကြီးများနှင့် ဌာနခွဲ ညွှန်ကြားရေးမှူးအဆင့်ဆင့်တို့တက်ရောက်ကြသည်။ သတင်း