Skip to content
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
  • မူလစာမျက်နှာ
  • သတင်း
  • ကြေညာချက်များ
  • ဦးစီးဌာနဆိုင်ရာ အချက်အလက်များ
  • ဌာနခွဲများ
    • ပြည်ပသာသနာပြုဌာနခွဲ
    • ပြည်တွင်းသာသနာပြုဌာနခွဲ
    • ဦးစီးရေးရာဌာနခွဲ
    • နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်/မန္တလေး)
  • သုတေသနစာကြည့်တိုက်
  • ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
  • ဓာတ်ပုံများ
  • ဆက်သွယ်ရန်
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန

ရဟန်းသံဃာတော်များနှင့် သီလရှင်များ၏ မြန်မာနိုင်ငံကူးလက်မှတ်များ လျှောက်ထားထုတ်ယူခွင့်ရရှိရေးကိစ္စနှင့်ပတ်သက်၍ အများပြည်သူသိရှိနိုင်စေရန်ဖော်ပြခြင်း

dpps, November 14, 2023June 5, 2024

ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် သာသနာပြုပုဂ္ဂိုလ်များ၏ နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်ရေးနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန်အတွက် ညှိနှိုင်းအကြောင်းကြားလာသည့်အချက်များအနက် အောက်ဖော်ပြပါအချက်(၇)ချက်အား စိစစ်ဆောင်ရွက်ပေးခဲ့ပါသည်-

(က)    ရဟန်းသံဃာတော်များ၊ သီလရှင်များ၏ ဘွဲ့အမည်၊

(ခ)     သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ၊

(ဂ)     သာသနာဝင်ကတ်ပြားအမှတ်၊

(ဃ)    သက်တော်/ ဝါတော်၊

(င)     ခမည်းတော်၏အမည်၊

(စ)     ရရှိထားသည့်ဘွဲ့(ပညာအရည်အချင်း)၊

(ဆ)    သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်၏နေရပ်လိပ်စာ။

ယခုအခါ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ ညွှန်ကြားချက်အရ မြန်မာနိုင်ငံကူးလက်မှတ်များ လျှောက်ထားထုတ်ယူခွင့်ရရှိရေးကိစ္စနှင့်ပတ်သက်၍  အထက်ပါအချက်(၇)ချက်အပြင် ရဟန်းသံဃာတော်များနှင့် သီလရှင်များ၏ မြန်မာနိုင်ငံကူးလက်မှတ်များကို အောက်ဖော်ပြပါအတိုင်း လျှောက်ထားထုတ်ယူခွင့်ရရှိရေး အများပြည်သူသိရှိနိုင်စေရန် ဖော်ပြအပ်ပါသည်-

ရဟန်းသံဃာတော်များ မြန်မာနိုင်ငံကူးလက်မှတ်များ လျှောက်ထားထုတ်ယူခွင့်ရရှိရေးကိစ္စ

(က)    ရဟန်းသံဃာတော်များနှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညှိနှိုင်းထားသည့် အချက်(၇)ချက်သာမက ဆေးကုသမှုခံယူရန်အတွက် ကြွရောက်ရာတွင် သက်ဆိုင်ရာဆေးရုံး၏ ထောက်ခံချက်၊ ဆေးမှတ်တမ်း စသည့်အချက်အလက်များ ပါရှိရန် လိုအပ်ကြောင်း၊

(ခ)     ပညာသင်ကြားရန်အတွက် ကြွရောက်ရာတွင် သက်ဆိုင်ရာတက္ကသိုလ်၏ ဝင်ခွင့်အထောက်အထားပါရှိရန် လိုအပ်ကြောင်း၊

(ဂ)     ဘာသာရေးအခမ်းအနားများနှင့် အလှူပွဲများသို့ ကြွရောက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်း/ ပုဂ္ဂိုလ်တို့၏ ပင့်လျှောက်လွှာပါရှိရန်  လိုအပ်ကြောင်း၊

(ဃ)    ကြွရောက်လိုသည့် အကြောင်းအရာအလိုက် လိုအပ်သည့်အထောက်အထားများပါရှိပါက အရေးကြီး/ အရေးပေါ်ကိစ္စရပ်အဖြစ် Green Channel ဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း။

သတင်း

Post navigation

Previous post
Next post

News by Years

  • July 2025
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • March 2023
  • February 2023
  • June 2022
  • March 2022
  • February 2022
  • January 2022
  • December 2021
  • November 2021
  • September 2021
  • August 2021
  • July 2021
  • February 2021
  • January 2021
  • December 2020
  • November 2020
  • October 2020
  • January 2018
  • November 2017
  • August 2017
000730
Visit Today : 26
This Year : 730
Total Visit :