တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲကျင်းပ dpps, August 23, 2023June 5, 2024 နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး)၏ ၁၃၈၄-၈၅(၂၀၂၂-၂၃)ခု ပညာသင်နှစ်၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် တက္ကသိုလ်၌ ၄ နှစ်ဆက်တိုက် ပထမဆု ရရှိသည့် သင်တန်းသား သံဃာတော်အား ရွှေတံဆိပ်ဆုဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို မဟာ ဘွဲ့နှင်းသဘင်ခန်းမ၌ ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၇ ရက်၊ အင်္ဂါနေ့(၈-၈-၂၀၂၃)တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပါမောက္ခချုပ်ဆရာတော် အမှူးပြုသည့် သင်ကြား/စီမံ ဆရာတော်များ၊ စာသင်သား သံဃာတော်များ ကြွရောက်၍ ပြင်ပ ပညာရှင် ဆရာကြီးများ၊ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ အလှူရှင်မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဆရာတော်ဒေါက်တာဘဒ္ဒန္တကေသရထံမှ အဖွင့်ဩဝါဒကထာ နာယူကာ ရွှေတံဆိပ်အလှူရှင်မှ ပါမောက္ခချုပ်ဆရာတော်အမှူးပြုသည့် သံဃာတော် ၃၉၈ ပါးတို့အား တစ်ပါးလျှင် နဝကမ္မဝတ္ထုငွေ ကျပ် ၃၀၀၀၀/- နှင့် လှူဒါန်းမှုစုစုပေါင်း ၂၁၀ သိန်းကျော်ကို လှူဒါန်းခဲ့ပြီး ပါမောက္ခချုပ်ဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရားနာယူကာ ၁၆:၃၀ နာရီအချိန်တွင် တက္ကသိုလ်ဖွံ့ဖြိုးတိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ သတင်း