အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်မှ သင်တန်းသားများ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)သို့ လေ့လာရေးခရီးရောက်ရှိ dpps, August 16, 2023June 5, 2024 အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဒီပလိုမာ(ဗုဒ္ဓဓမ္မ) သင်တန်းတက်ရောက်လျက်ရှိသော ပြည်တွင်း၊ ပြည်ပနိုင်ငံများမှ သင်တန်းသား ရဟန်း ၅၉ ပါး၊ သီလရှင် ၁၈ ပါး၊ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကြီးကြပ်သူ ၁၅ ဦး၊ စုစုပေါင်း ၁၀၅ ဦး တို့သည် ၁၂-၈-၂၀၂၃ ရက်နေ့၊ ၁၄:၀၀ နာရီအချိန်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)သို့ လေ့လာရေးခရီးစဉ်အဖြစ်ရောက်ရှိခဲ့သည်။ လေ့လာရေးခရီးစဉ်တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ ဒုတိယပါမောက္ခချုပ်(သင်ကြား)ဆရာတော်က တက္ကသိုလ်သမိုင်းအကျဉ်းကို ရှင်းလင်းဟောပြော၍ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး တာဝန်ရှိသူများက လေ့လာလိုသည့် စာသင်သားများအား စာသင်သားကျောင်းဆောင်တွင် စာသင်ကြားပို့ချနေမှု၊ စာကြည့်တိုက်တွင် ပိဋကတ်စာအုပ်များ ထိန်းသိမ်းထားရှိမှုနှင့် မင်းကွန်းရုပ်တုဆောင်တွင် မင်းကွန်းဆရာတော်ဘုရားကြီး၏ပုံတူ ပူဇော်ထားရှိမှုတို့ကို လိုက်လံရှင်းလင်း ပြသခဲ့ပြီး ရဟန်း၊ သီလရှင်နှင့် လူပုဂ္ဂိုလ်တို့အား ဖျော်ရည်၊ ရေသန့်နှင့် မုန့်များလှူဒါန်းခဲ့ကြောင်းသိရှိရသည်။ သတင်း